06 November 2007

ဆော့ခရတ္တိရဲ့ ဖျော်ရည်

သေဆုံးခဲ့ပေါ့ မရှင်သန်ရခင် . . .

ငါတို့ ရင်းနှီးခြင်းက ခပ်ပါးပါး ကွဲကျသွားခဲ့

အတိတ်ကို ငေးရီ ငေးရီမိတိုင်း

ကိုယ့်ကိုယ်ကို သုညတွေ ပေးလိုက်ချင်ရဲ့

မနေ့က နေဝင်ချိန်တွေ ဒီနေ့လောက်မလှဘူး

ချစ်သူရေ

ငါပါ . . . ကြာလေရူးလေ . . .

မင်းကိုချစ်တဲ့စိတ်နဲ့ပဲ

တွေဝေခြင်းတွေ နာရေးကြော်ငြာထဲထည့်

ငါတို့ကြားက တံတားကို

ငါကိုယ်တိုင် အမှားနဲ့ခင်းခဲ့တယ်

အမြစ်က ကျွတ်ထွက်သွားခဲ့သူပါ

သိပ်အခြေခိုင်မယ်လို့ အထင်ကြီးမိတဲ့ နှလုံးသားခမျာ

ချစ်သူရေ

နာမည်ကျော် မင်းအပြုံးတွေကို ရှုံးခဲ့ပြီ ။

No comments: