ဘယ်လိုလွှမ်းမိုးမှု မှမပါ
ဗလာသက်သက် အလွမ်းကိုထားပြီး
နီးမယောင်ယောင် ဝေးသွားခဲ့တာ သေချာပြီ . . .
အချစ်ကိုမှ မမြင်တတ်ရင်
နင် ရှင်သန်နေခဲ့တာ ဘယ်လိုအဓိပါယ်နဲ့လဲ
ဖြေပါ . . .
မပြောဘူး မရောဘူးနဲ့ စိတ်ကိုတင်းလည်း
ငါမနိုင်တဲ့ စိတ်က
အဲဒီ အတိတ်တွေ အပေါ်ပဲ ခုန် . . . ခုန်ချနေမှတော့ . . .
နေပါစေ . . .
ရေတွင်းထဲက ‘လ’ ဆိုပေမယ့်
တခုတ်တရ ထုတ်ထုတ်ကြည့်နေခွင့်လေးမှာ
ငါ ဘယ်နှစ်ခါလဲပြိုပါစေဦးတော့ . . . ။
No comments:
Post a Comment