06 November 2007

သူလိုကိုယ်လိုလူ

အသည်းကွဲဖူးတယ်

စာမေးပွဲကျဖူးတယ်

စားနိုင်သောက်နိုင်ဖူးတယ်

ခေါင်းငုံသိမ်ငယ်ဖူးတယ်

သေချာကြည့်လိုက်တော့ ဘာတစ်ခုမှ မသေချာတော့ဘူး

မျက်လှည့်ဆရာ လက်ထဲက ဖဲချပ်လို . . . နှင်းဆီပွင့်လို

ဘဝက အပြောင်းအလဲ မြန်တယ် ။

အနိုင်ရသူအတွက် ရှုံးနိမ့်ပေးခဲ့ဖူးတယ်

အရှုံးပေးသူတွေကိုလည်း အနိုင်ယူခဲ့ဖူးတယ်

ခေတ်အကြိုက်ကိုလိုက်ရင်း . . . လိုက်ရင်း

တိုက်ခိုက်ဖို့ထက်

ခုခံကာကွယ်ဖို့က အရေးကြီးတာကို သဘောပေါက်စအရွယ် . . .

မနက်ဖြန်ဆိုတာ

ကျည်ဆန်ထွက်လာမယ့် သေနတ်ပြောင်းဝလား

ကြားလိုက်မိတဲ့ သီချင်းက

လူ့ဘဝဟာ ရခဲတယ် ဆိုလား . . . ။

No comments: