လူတွေက ကိုယ့်စိတ်ကို ပစ်ပေါက်ခွဲဖို့
အာရုံကျစရာ ပစ်ကွင်းတွေ လိုက်ရှာနေကြသလို
ညကလပ်များ . . . ဝီစကီခွက်များ
လက်သည်းဆိုးဆေးနီနီများ
သံပတ်ပေးထားတဲ့ အသွေးအသားများ
အားလုံးနဲ့ နေသားမကျတဲ့နောက်မှာ . . .
ကျွန်တော် ငတ်မွတ်နေတာ
တွယ်တာမှုတွေ ရောဖျော်ထားတဲ့ မျက်စောင်းလှလှလေးပါ
ဒီကဗျာကို ရေးဖို့အတွက်နဲ့
လူသိရှင်ကြား အမုန်းခံခဲ့တာလား
ရေခဲသေတ္တာထဲက ပန်းသီးလို
သဘာဝလွန်တဲ့အထိ လတ်ဆတ်နေတဲ့ချစ်ခြင်း
ပြတင်းပေါက်ကို ဖွင့်တော့လည်း
အရင်လို လေကောင်းလေသန့် မရတော့တာကအစ . . .
ဂုဏ်ယူပါ
မျှော်လင့်ထားတဲ့အတိုင်း
မင်းအမုန်းက တစ်ချက်ထဲ ကျင်းဝင်သွားကြောင်းပါ ။
No comments:
Post a Comment