ဗလာတစ်ခုနဲ့ ပြည့်နေတတ်တဲ့ဘ၀တွေမှာ
မင်းလည်းမင်းအမှားတွေနဲ့နေသားကျ
ငါလည်းငါ့အမှားတွေနဲ့နေသားကျ
သက်ပြင်းကချလိုက်တော့လည်းပြုတ်ကျမသွားဘူး
ဘ၀အမောခုနှစ်ဆယ်ရာခိုင်နှုန်းကို
ထင်ရာစိုင်းစိတ်ဓာတ် သုံးဆယ်ရာခိုင်နှုန်းနဲ့ခုခံခဲ့ကြ ။
အမှောင်ကတော့အရင်အတိုင်းပဲနေရာမရွေ့သေးဘူး
မတွေ့တာကြာလည်းမင်းကအရင်အတိုင်းပဲမလား
မူးလာရင်ခုနှစ်အိမ်ကြားရှစ်အိမ်ကြားရယ်လိုက်
အကြောင်းပြချက်မရှိပဲ ဆဲရေးလိုက်
ငါတို့အကျင့်စရိုက်အားလုံးကငါတို့ကိုယ်ပိုင်အမှတ်တံဆိပ် ။
ပျော်အောင်နေ
မနက်ဖြန်အကြောင်းစဉ်းစားရင်ဆံပင်ဖြူစောရုံ
ဝင်လာရုံ
ပြန်ထွက်သွားရုံ
သတိရရင်လက်ကျန်ခွက်ကိုမော့သောက်ရုံ
ဒါပဲလေ
ဒီထက်ပိုပြည့်စုံတဲ့ဘ၀ကိုတွေ့ရင်လည်း
မင်းဒီဘ၀လေးကိုလွမ်းမိဦးမှာပဲမလား ။ ။
No comments:
Post a Comment