06 January 2010

တောင်ကြီး

မွန်းကျပ်တာချင်းအတူတူဆိုရင်တောင်

ဒီိမြို့ရဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုမှချစ်တယ်

တခြားနေရာမှာလျော့လာသမျှသွေးကို

ပြန်လာဖြည့်ချင်စရာမြို့ ။



အမေ့ရင်ငွေ့လိုလည်းနွေးနွေးထွေးထွေး

အဖေ့လက်ရုံးတွေအတိုင်းသန်သန်မာမာ

သူ့ရင်ငွေ့နဲ့ထွေးပွေ့

သူ့လက်တွေနဲ့ပွေ့ဖက်

နှစ်တစ်ရာကျော်မငြီးငြူစတမ်း

သူ့အပေါ်တင်သမျှအပြစ်တွေထမ်းလာတယ် ။


သုညမှတ်အောက်အေးလည်း

ဒီထက်နွေးတဲ့နေရာမတွေ့နိုင် ။ ။

No comments: