ပြောခဲ့ဖူးသလို
ကံကြမ္မာကမိသားစုကို အပိုင်းပိုင်းပြတ်စေတယ်
ဘယ်သူ့ကိုမှမမုန်းဖို့က
ကိုယ့်ကိုယ်ကို ပြန်မုန်းလိုက်မှအဆင်ပြေမှာ
အဖေပြန်မလာတဲ့နေရာ
ကွက်လပ်ကကြာတော့ကျယ်သထက်ကျယ်လာ ။
ဒီနေရာမှာအဖေသားကိုမွေးခဲ့တာ
ဒီနေရာမှာအဖေသားကို ကတိတွေပေးခဲ့တာ
ဒီနေရာမှာ မိသားစုကိုထားခဲ့တာ
အိပ်မက်ကနိုးရင်
အိမ်တံခါးကို အရင်လိုထဖွင့်ပေးနေမိတုန်းပဲ ။
အိမ်မှာကရယ်သံအစစ်ကိုရှာမရဘူး
တခါတလေအမေကငေးငိုင်နေတာ
တခါတလေ ညီလေးကအိမ်ပြန်မအိပ်တာ
တခါတလေ မိသားစုက စကားမပြောမိတာ
အဖေသိလား ။
အဖေသိလား
အရင်လိုအိမ်ပြန်နောက်ကျတာပဲထင်လို့
အိပ်မက်ကနိုးရင်
အိမ်တံခါးကို အရင်လိုထဖွင့်ပေးနေမိတုန်းပဲ ။ ။
No comments:
Post a Comment