06 February 2010

အိမ်ပြေး

ချောကလက်မှစားချင်တယ်

ကျည်ဆန်ရာ ဇကာပေါက်ခံတပ်နဲ့

ပြိုကျလုဆဲဆဲ ကတုတ်ကျင်းထဲမှာဝပ်နေ..။



လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး

နေ့စဉ်နေ့တိုင်းအိမ်ပြန်ချင်တယ်

မရုပ်သိမ်းခဲ့ရတဲ့ဂျင်းပင်န် ဟောင်းလေးကိုစိတ်မချ

စိုက်ပျိုးထားမိတဲ့နှင်းဆီပင်လေးကိုစိတ်မချ

ကြိုးမလျော့ခဲ့ရတဲ့ဂစ်တာလေးကိုစိတ်မချ

မပြီးဆုံးသေးတဲ့သီချင်းအပိုင်းအစလေးကိုစိတ်မချ

မေမေရေ...

မေမေကျွေးတဲ့ထန်းလျက်လေးကိုလွမ်းပါတယ်..။



အိမ်ပြန်ချင်တယ်

သေချင်လို့ပြောင်းခဲ့မိတဲ့တောမှာ

အမောဖောက်နေသော ညများအလယ်...။ ။