28 October 2007

ဖျက်ရာ

တစ်ကပြန်စနေတာ အခါတစ်ရာ
အကြောင်းအရာထက် အမှားပြင်ဆင်ချက်ကပိုများ
ဘယ်နားနဲ့ နားထောင်မှ သူမအသံကို ကြားမှာလဲ
လက်ထဲမှာ အလွမ်းများ . . . ။

တစ်ဝက်ပဲ လင်းတဲ့ကြယ်လို
ကိုယ့်ကိုယ်ကို သိမ်ငယ်နေရုံကလွဲပြီး
အခါသုံးဆယ်မကတဲ့ ရှုံးနိမ့်ခြင်းမှာလည်း
ငါမင်းကို မမုန်းခဲ့ဘူး . . . ။

ဒီလိုပါ
နင်မချစ်သေးသမျှ
တစ်က ပြန် ပြန်စနေတာ အခါတစ်ရာ . . . ။